Hello…TYTimers!! ဒီကနေ့မှာတော့ လူငယ်တွေကြားထဲမှာ အလွန့်အလွန် Misleading ဖြစ်နေတဲ့ အကြောင်းအရာလေးကို ဖော်ပြပေးပါမယ်။ အဲ့တာကတော့ Motivation ပါ။ ကျွန်တော်တို့ လူငယ်တွေ ကြားမှာ မကြာခဏဆိုသလို အတော်လေး ခေတ်စားလေ့ရှိတဲ့ စကားလေးတစ်ခု ရှိပါတယ်။ အဲ့တာကတော့ “Moti ပေးပါဦး”၊ “Motivation မရသေးလို့ စာမလုပ်ဖြစ်သေးဘူး၊ အလုပ် မလုပ်ဖြစ်သေးဘူး” စတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ကိုယ့်ကိုကိုယ်ပြန်မေးရမယ့် မေးခွန်းက Motivation ရသွားပြီဆိုရင်တောင် အလုပ်ကို အဆုံးတိုင် ပြီးအောင် လုပ်နိုင်ကြရဲ့လား၊ အချိန်ဘယ်လောက်ထိကြာအောင် လုပ်နိုင်ကြလဲ ဆိုတာပါ။ အဲ့တာကြောင့် ဒီနေ့မှာတော့ Motivation ဆိုတာ ဘယ်နေရာမှာအရေးပါလဲ၊ ဘယ်နေရာမှာ အရေးမပါဘူးလဲဆိုတာကို အခု Article လေးမှာ ဖော်ပြပေးပါမယ်ခင်ဗျာ။
Power of Consistency🔋
ကျွန်တော်တို့တွေ Motivation အကြောင်းမပြောခင်မှာ အရေးပါတဲ့ Consistency အကြောင်းကို အရင်ဆုံး ပြောဖို့လိုပါတယ်။ Consistency ဆိုတာ ရှင်းလင်းအောင်ပြောရရင် အလုပ်ကို ပုံမှန်လုပ်နိုင်တယ်ဆိုတဲ့ စွမ်းရည်ကို ဆိုလိုတာပါ။ ဥပမာ - တစ်လတာ နေ့တိုင်း မိနစ်၂၀ လမ်းလျှောက်မယ်။ တစ်နေ့မှ မလွှတ်ဘဲ၊ လျှောက်ချင်သည်ဖြစ်စေ မလျှောက်ခြင်သည်ဖြစ်စေ ဒီမိနစ် ၂၀ ကို တစ်လလုံး လျှောက်ဖြစ်အောင် လျှောက်တယ်ဆိုရင် ဒါဟာ Consistency ရှိတာပါပဲ။
Consistency ရဲ့ အရေးပါပုံကို ကျွန်တော် ဥပမာလေးနဲ့ ရှင်းပြပါမယ်။ ကျွန်တော်တို့တွေ Gym သွားပြီး Workout လုပ်တယ်ဆိုကြပါစို့။ Gym လုပ်နေတဲ့ ကာလအတွင်းမှာ ကြွက်သားတွေ ထွက်လာပါပြီဆိုတဲ့ အတိအကျရက်စွဲကို ကျွန်တော်တို့ ပြောလို့ ဖြစ်နိုင်မလား။ မဖြစ်နိုင်ပါဘူး။ ဘယ်နေ့ကွက်တိမှာ Muscle တွေ တောင့်လာတယ်ရယ်လို့ မရှိပါဘူး။ အဲ့တာ ဘာလို့လဲဆိုရင် နေ့စဉ်နေ့တိုင်းမှာ နည်းနည်းစီ Muscle တွေတိုးလာလို့ပါ။ တစ်နေ့တည်းနဲ့ ၁၂နာရီလောက် Gym ဆော့ပြီး Muscle တွေတက်မလာပါဘူး။ တစ်ရက်ကို နာရီဝက်စီ ၁လလောက်လုပ်မှပဲ တက်လာမှာပါ။ ဒါက Consistency ရဲ့ အရေးပါပုံပါ။ အဲ့တာကြောင့် အလုပ်တစ်ခုကို အောင်အောင်မြင်မြင် ဖြစ်အောင်လုပ်ချင်ရင် အရေးကြီးဆုံးက ပုံမှန်လုပ်ဖို့ပါ။ စိတ်ပါရင် အများကြီးလုပ်၊ စိတ်မပါရင် မလုပ်လိုက်နဲ့ဆို ဘယ်လိုမှ အဆင်မပြေပါဘူး။
Motivation🗯
Consistency အကြောင်း ပြောပြီးသွားပြီဆိုတော့ အဓိက အချက်ဖြစ်တဲ့ Motivation အကြောင်းကို ပြောပါမယ်ခင်ဗျာ။ Motivation လာမှ အလုပ်လုပ်မယ်ဆိုတဲ့ လူမှာ Consistency ရှိနိုင်ခြေများပါသလား။ တော်တော်များများကတော့ Consistency မရှိတတ်ကြပါဘူး။ ကျွန်တော်တို့တွေ တော်တော်များများက အလုပ်လုပ်ချင်စိတ်မရှိဘူးဆိုရင် YouTube က Motivational Video တွေကို သွားကြည့်လိုက်ရမှ။ ပြီးရင် လက်တွေ့မဆန်တဲ့ Motivational Speaker တွေပြောတာတွေကို နားထောင်လိုက်ရမှ။ အလုပ်က လုပ်ဖြစ်လားဆိုတော့လည်း တစ်ပတ်နှစ်ပတ်ပြီးရင် အရှိန်သေပြီး ဆက်မလုပ်ဖြစ်ကြတော့ပြန်ဘူး။ တကယ်တော့ Motivation ဆိုတာ သူများပေးမှ ရတဲ့ အရာမဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် ရလာတဲ့ အရာပါ။
အဲ့တာကြောင့် Motivation ကို သူများပေးမှ မဟုတ်ဘဲ ကိုယ့်ဟာကိုယ် အမှန်အကန် ရလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို The Motivation Myth ဆိုတဲ့ စာအုပ်ထဲက Jeff Haden ရှင်းပြထားတာကို ဖော်ပြပေးပါမယ်ခင်ဗျာ။ ကျွန်တော်တို့ အလုပ်လုပ်တယ်ဆိုတဲ့ Action က အလုပ် အောင်မြင်ခြင်း Success ဆိုတာကို သွားပါတယ်။ အောင်မြင်ခြင်းကို ရလာမှ နောက်အလုပ်ကို ဆက်လုပ်မယ့် Motivation ကို ရလာတာပါ။ Action - Success – Motivation – More Action ဒီလိုသွားတာပါ။ ကိုယ့်ရဲ့ Success ကပဲ ကိုယ့်ကို Motivation ပေးနိုင်တာပါ။ စိတ်ကူးယဉ်စဉ်းစားပြီး အလုပ်လုပ်နေမယ်ဆိုရင် စိတ်မပါတော့တဲ့ အချိန်က တစ်ချိန်မဟုတ်တစ်ချိန်ရောက်လာမှာသေချာပါတယ်။ ဒီလောက် ရှည်လျားထွေပြားပြီး ရှုပ်ရှပ်ခတ်လွန်းလှတဲ့ Motivation ကို အလုပ်ပြီးမြောက်ဖို့ သုံးသင့်ပါသလား။ ကျွန်တော်တော့ မထင်ပါဘူး။ အဲ့တာကြောင့်မလို့ Motivation အစား သူ့ထက် ပိုပြီး Effective ဖြစ်တဲ့ အရာ တစ်ခုကို ပြောပြပေးပါမယ်။ ရှင်းရှင်းလေးပါ။ Discipline ဖြစ်ပါတယ်။
Discipline☑️
ဒီနေရာမှာ နည်းနည်း နားလည်မှုလွဲနိုင်တာက Goal မရှိရဘူးလို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ Goal ကရှိရပါမယ်။ ဒါပေမယ့် Goal ကို အခြေခံပြီး ရလာတဲ့ Motivation ကို အလုပ်လုပ်တဲ့အခါမှာ မသုံးဖို့ ပြောတာပါ။ Goal ကို အခြေခံပြီး သတ်မှတ်ထားတဲ့ Discipline ကသာ အသုံးပြုဖို့ သင့်တော်ပါတယ်။ Discipline ကတော့ Motivation လို Emotional State ကို အခြေမခံပါဘူး။ တစ်နည်းအားဖြင့် Consistency ကို ရမှာဖြစ်တဲ့အတွက် အလုပ်အောင်မြင်နိုင်ခြေပိုများပါတယ်။ ကျောင်းမှာ ဘယ်နေ့စာမေးပွဲ ဖြေရမယ်ဆိုတဲ့ စည်းကမ်းထုတ်ထားရင် လူတိုင်းအဲ့ဒီနေ့မှာ ဖြေရပါတယ်။ တစ်ယောက်ချင်းစီ စာရတဲ့နေ့ဖြေကြဆိုရင် စာမေးပွဲက ဖြေလို့ကို ပြီးမှာ မဟုတ်ပါဘူး။ အဲ့တာကြောင့် အလုပ်ပြီးမြောက်ဖို့ဆိုရင် စည်းကမ်းက အလွန် အရေးကြီးတဲ့ အရာပါ။ Gym ဆော့တဲ့လူတွေမှာဆိုရင် နေ့စဉ် အချိန်မှန်မှန် စည်းကမ်းရှိရှိနဲ့ ဆော့တဲ့လူကပဲ ကိုယ်လိုချင်တဲ့ Body Structure ကို ရပါတယ်။ အဲ့တာကြောင့် နေ့တိုင်း အချိန်၁နာရီ အလုပ်တစ်ခုခုကို လုပ်ရမယ်ဆိုရင် သေချာပေါက်သာ လုပ်ပါ။ အောင်မြင်မှုက တစ်ချိန်ချိန်မှာ ရောက်လာမှာပါ။ နောက်ဆုံးအနေနဲ့ TYTimers တွေကို ပြောချင်တာကတော့ အလုပ်ကို Emotion-based ဖြစ်တဲ့ Motivation နဲ့မလုပ်ဘဲ Consistency ရှိရှိနဲ့ စည်းကမ်းရှိရှိ လုပ်ပြီးတော့ Productive Person တွေဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။🙆🏻♂️🙆🏻♂️
#harry
#takeyourtime
#motivation
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments