မင်္ဂလာပါ TYTimer တို့ရေ။ Messenger ကနေ တက်လာတဲ့ Notification အသံတွေ၊ YouTube က Video အသစ်တွေရဲ့ Notification တွေ၊ Facebook ကို ဘာတွေများ Update ဖြစ်နေပြီလဲ ဆိုပြီး Check ကြည့်ချင်စိတ်တွေ စတာတွေနဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝဟာ Distraction တွေ များလှပါတယ်။ လူတွေကို Distract လုပ်မယ့် အရာတွေ များလာတာနဲ့အမျှ စနစ်တကျ Concentration ကောင်းကောင်းနဲ့ လုပ်တာတွေလည်း တဖြည်းဖြည်းနဲ့ လျှော့နည်းလာပါတယ်။ ကျွန်တော်တို့တွေ နာရီဝက်လောက်နဲ့ ပြီးရမယ့်စာကို စာကြည့်လိုက် ဖုန်းသုံးလိုက်လုပ်ရင်းနဲ့ တစ်ရက်လုံး ကြာသွားခဲ့ဖူးတဲ့ ရက်တွေကလည်း ဒုနဲ့ဒေးပါပဲ။ အဲ့တာကြောင့် ဒီနေ့မှာတော့ စာကြည့်ခဲ့အခါမှာ Concentration ကောင်းကောင်းနဲ့ ဘယ်လို ကြည့်ကြမလဲ ဆိုတာကို Pomodoro Technique နဲ့ ယှဉ်တွဲပြီး ဖော်ပြပေးသွားပါမယ်ခင်ဗျာ။
(1) Tʜʀᴏᴡ Aᴡᴀʏ Yᴏᴜʀ Pʜᴏɴᴇ📱 🚫
✔️ကျွန်တော်တို့တွေ စာကြည့်နေတဲ့အချိန်မှာ ကျွန်တော်တို့ကို အနှောင့်အယှက်ပေးဆုံးအရာကို လက်ညှိုးထိုးပါဆိုရင် Social Media တွေသုံးလို့ရနေတဲ့ Smart Phone တွေကိုပဲ လက်ညှိုးထိုးရမှာပါ။ စာကြည့်နေရင်းနဲ့ ဘာတွေထူးနေပြီလဲဆိုပြီး ဝင် Check ရတာလည်း အမော။ ဝင်မ Check မိရင်လည်း Notification တွေ ထမြည်လို့ စစ်လိုက်မိပြန်ရော။ စာကြည့်နေတဲ့အချိန်မှာ ဖုန်းက Notification တွေကြောင့် အာရုံစိုက်လို့မရဖြစ်နေတာ လူတိုင်းလိုလို ကြုံဖူးကြမယ်ထင်ပါတယ်။
✔️ကျွန်တော် အကျင့်တစ်ခုကို ပြုစုပျိုးထောင်မယ်ဆိုရင် လုပ်နေကျအလုပ်တစ်ခုကို ပြောပြပါမယ်။ Work နဲ့ Action ရဲ့ ကြားမှာ Work ကို တားမြစ်မယ့် Resistance ရှိတယ်လို့ ယူဆလိုက်ပါတယ်။ ဥပမာ - ကွန်ပျူတာနဲ့ ဂိမ်းဆော့ဖို့အတွက် ကွန်ပျူတာဖွင့်တာကို ထိုင်စောင့်နေရမယ်ဆိုတာ စောင့်နေရတယ်ဆိုတဲ့ Resistance က ဂိမ်းဆော့ဖို့အတွက် အတားအဆီးတစ်ခုဖြစ်နေပါတယ်။ ကျွန်ပျူတာထဲမှာပါ ဆော့မယ့်ဂိမ်းကို Install မလုပ်ထားဘူးဆိုပါစို့။ အဲ့တာဆိုရင် ဂိမ်းဆော့ဖို့ အတားအဆီးက ပိုများသွားပြီ။ ကျွန်ပျူတာဖွင့်တာက စောင့်ရဦးမယ်။ Game ကို Install တာက ပြန်စောင့်ရဦးမယ်။ အဲ့လို အခြေအနေမျိုးမှာ ကျွန်တော် ဂိမ်းဆော့နိုင်ချေ အတော်လေးနည်းသွားပါပြီ။ ဘာလို့လဲဆိုရင် ကြားထဲမှာ ဂိမ်းဆော့ဖို့ တားနေတဲ့ Resistance တွေ အများကြီး ရှိနေလို့ပါ။ အဲ့တာကြောင့်မလို့ ကျွန်တော် အလုပ်တစ်ခုကို မလုပ်မိအောင် နေချင်တယ်ဆိုရင် ကြားထဲက Resistance ကို များနိုင်သမျှ များအောင်ထားပါတယ်။
✔️စာကြည့်နေတုန်း ဖုန်းကို မကြည့်ဖြစ်အောင် လုပ်မယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် ကျွန်တော်အရင်လုပ်မယ့် အရာကတော့ ဖုန်းကို မမီနိုင်မယ့် အဝေးတစ်နေရာကို သွားထားတာပါ။ ဖုန်းလေးကွာ ခဏလေးသွားယူယုံပဲ၊ သုံးဖြစ်မှာပါပဲလို့ မထင်လိုက်ပါနဲ့။ စာကြည့်စားပွဲကနေ ထသွားပြီး သွားမယူချင်ဘူးဆိုတာ သတိထားမိလာပါလိမ့်မယ်။ ကဲ အဝေးမှာသွားထားထားတာတောင် လူကသွားသုံးဖြစ်တယ်ဆိုပါစို့။ ဒါဆိုရင် ကျွန်တော်တို့ နောက်ထပ် Resistance တစ်ခု ထပ်ထည့်ပါမယ်။ အဲ့တာကတော့ Social Media တွေ၊ Distract ဖြစ်စေမယ့် Application တွေကို Uninstall လုပ်ထားတာပါ။ Facebook လို App မျိုး Home Screen မှာ ရှိမနေဘူး၊ သုံးဖို့ Install လုပ်ရဦးမယ်ဆိုရင် သေချာပါတယ်။ Install လုပ်ရမှာ မစောင့်ချင်တာနဲ့ Facebook သုံးမိမှာ မဟုတ်တော့ပါဘူး။
✔️အဲ့တာကြောင့် စာကြည့်နေတဲ့အချိန်မှာ Distraction တွေမရှိချင်ဘူးဆိုရင် (၁) ဖုန်းကို အဝေးမှာထားပါ၊ (၂) ဖုန်းထဲမှာ ရှိတဲ့ Distract ဖြစ်စေမယ့် App တွေကို Uninstall လုပ်ထားပါ။
✔️ကဲ အခု ကျွန်တော်တို့ Distraction မရှိဘဲ စာလုပ်တော့မယ်။ ဒါပေမယ့် အဲ့ဒီအခါမှာလည်း ပြသနာပြန်တက်ပြန်ပြီ။ စာ စလုပ်တုန်းက စာ များများပြီးတယ်။ တဖြည်းဖြည်းကြာလာတော့ အာရုံစူးစိုက်မှုလျှော့လာပြီး တဖြည်းဖြည်းနဲ့ စာက ပြီးသင့်သလောက် မပြီးတော့ဘူး။ ဒီပြသနာကို ဖြေရှင်းလို့ရအောင် Pomodoro Technique ကို ဖတ်ကြည့်လိုက်ရအောင် ခင်ဗျာ။
(၂) Pomodoro Technique 📈
✔️ကျွန်တော်တို့ရဲ့ Typical Study Hour က တစ်ခါစာကြည့်ရင် (၂)နာရီလောက် လုပ်တတ်ကြပါတယ်။ စာ၂နာရီကြည့်တဲ့ Scenario ကို ကြည့်ကြည့်ရအောင်။ ကျွန်တော်တို့ ပထမဆုံး စာ စကြည့်ပြီဆိုရင် Concentration က ၁၀၀%နဲ့ စကြပါတယ်။ မရပ်မနားတဖြည်းဖြည်းနဲ့ ကြည့်လာတော့ နာရီဝက်လောက်နေတော့ ၈၀%လောက် ရောက်သွားတယ်။ တစ်နာရီကြာတော့ ၆၀%လောက် ရောက်သွားမယ် ဆိုကြပါစို့။ နောက်စာဆက်ကြည့်ရင်း တစ်နာရီခွဲလောက်လည်း ကြာရော Concentration က ၄၀%လောက်ပဲ ဖြစ်သွားတယ်။ အဲ့တော့ နောက်ဆုံး နာရီဝက်မှာ Concentration ၄၀%လောက်လေးနဲ့ စာကြည့်ရတော့ စာက သိသိသာသာ မရတော့ဘူးပေါ့။ အဲ့ဒီတော့ ကျွန်တော်တို့တွေ Concentration ကောင်းကောင်းနဲ့ ၂နာရီလုံး စာကြည့်လို့ရအောင် Pomodoro Technique ကို သုံးကြည့်ကြမယ်။ Pomodoro Technique မှာက စာကြည့်ချိန် ၂နာရီကို ၄ပုံ ပုံလိုက်မယ်။ နာရီဝက် ၄ခါပေါ့။ အဲ့ဒီနာရီဝက် တစ်ခုစီကို ၂၅မိနစ် စာလုပ်မယ်၊ ငါးမိနစ် နားမယ်။ ၂၅မိနစ် စာလုပ်လိုက်၊ ၅မိနစ်နားလိုက်ကို ၄ခါလုပ်မယ်။ အဲ့ဒီအချိန်မှာ Concentration က ဘယ်လိုဖြစ်သွားမယ်ထင်ပါသလဲ? အရင်ဆုံး စာစလုပ်ရင် ၁၀၀% Concentration ရမယ်။ ၂၅မိနစ် စာလုပ်ပြီးသွားရင် ၈၀%လောက်ကို ကျသွားမယ်။ ဒါပေမယ့် ၅မိနစ်ပြန်နားလိုက်မယ်။ အဲ့ဒီအခါမှာ ၁၀၀%ကို ပြန်တက်သွားမယ်။ ဒုတိယ ၂၅မိနစ်စာလုပ်ပြီးတဲ့အခါမှာလည်း ၅မိနစ်ပြန်နားပြီး Concentration ကို ပြန်မြှင့်မယ်။ ဒီလိုနဲ့ ကျွန်တော်တို့စာလုပ်နေရင်းနဲ့ Concentration က ၁၀၀%၊၉၅%၊ ဒီလောက် ပတ်ချာလည်လေးတွေမှာ လုပ်နေမိမှာပါ။ တစ်ဆက်တည်း ၂နာရီတောက်လျှောက်လုပ်လိုက်ရင် Concentration က တဖြည်းဖြည်းနဲ့ ၄၀%လောက်ထိ လျှော့သွားမှာပါ။ အဲ့တာကြောင့်မလို့ ၂၅မိနစ် Section ၄ခုနဲ့လုပ်တာဟာ သာမန်ထက် အများကြီး အလုပ်ပိုပြီးတာကို တွေ့ရပါလိမ့်မယ်။
Distraction တွေများလှတဲ့ ခေတ်ကြီးထဲမှာ Concentration များများနဲ့ လုပ်တဲ့လူက အတော်လည်း ရှားသလို၊ အောင်မြင်မှုမှာလည်း သူများထက်ပိုသာမှာပါနော်။ TYTimer တွေလည်း စာလုပ်တဲ့အခါမှာ Concentration ကောင်းကောင်းနဲ့ လုပ်မိကြရဲ့လား။ Concentration ကောင်းအောင် ဘယ်လိုနည်းတွေ သုံးပြီး စာလုပ်ကြလဲဆိုတာကိုရော Comment မှာ ပြောပြပေးသွားကြပါဦးခင်ဗျာ။ အားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးကို ပိုင်ဆိုင်ကြပါစေ။🙆🏻♂️🙆🏻♂️
#harry
#takeyourtime
#concentration
#studytips
Copyright © 2021 Take Your Time - All rights reserved.
Add Comment
Comments
pHqghUme October 12, 2026
1